ဘဝတကွေ့ ဆုံတွေ့ခဲ့ရ မဆုံတဲ့ဖူးစာ

ဘဝတကွေ့ဆုံတွေ့ခဲ့ရ မဆုံတဲ့ဖူးစာ
ရေးသားသူ – နတ်ဆိုးကြီး

(ယခု ဝတ္တုတိုသည် အချစ်တက္ကသိုလ် ၃ နှစ်ပြည့် မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဇာတ်လမ်းတိုဖြစ်သည်…။ နတ်ဆိုး ကိုယ်တိုင်ရေးသည်..။ထို့ကြောင့် credit ကို အချစ်တက္ကသိုလ် ဟုပင်…။)

ဘဝတကွေ့ဆုံတွေ့ခဲ့ရ မဆုံတဲ့ဖူးစာ

လောကကြီးက ဆန်းကြယ်တယ်… တကယ့်ကို ဆန်းကြယ်တယ်။ အဆင့်အတန်း ပညာအရည်အချင်းတွေ ကွဲကွာရင် တကယ်တန်းတော့ ရုပ်ရှင်တွေ ဝတ္တုတွေထဲမှာပဲ ဖတ်လို့ကောင်းတယ် လက်တွေ့ဘဝမှာ လုပ်နိုင်ဖို့ ရင်ဆိုင်နိုင်ဖို့ ခဲယဉ်းလှတယ် မဟုတ်ပါလား….။

အခန်း(၁)
တွေ့ဆုံခြင်း၏ ကနဦးအစ ပထမ

“ကောင်းကင်…မင်း ဒီည အိပ်ရမယ် ဒီတော့ ငါတို့အိမ်မှာ ထမင်းသွားစား”

“ဟုတ်…အစ်ကို”

ဟုပြောသော်လည်း ကျနော် စိတ်ညစ်တာကအမှန်..။ အလုပ်မှာအိပ်ရတာ အိမ်မှာ အိပ်ရတာလောက် အဆင်မပြေနိုင်ဘူးလေ။ တနေကုန် ပင်ပန်းထားတော့ အိမ်ကအိပ်ယာလေးပဲ တမ်းတမိသည်။ နောက်တစ်ခုက အလုပ်မှာ အမြဲတမ်းအိပ်သော ဝန်ထမ်းဆီက ခေါင်းအုံး၊ စောင် အဲဒါတွေ မျှအိပ်ရသည်။ တခါတလေ စက္ကူပုံးလေး ခေါင်းအုံး အိပ်ရသည်။ အစ်ကိုလိုတစ်မျိုး သူဌေးလိုတဖုံ အုပ်ချုပ်တတ်သော အလုပ်ရှင် စကားကို မလွန်ဆန်နိုင် ..။ ဒီညတော့ တညလုံး မအိပ်ရတော့ဘူးဆိုတဲ့ အသိက ကျနော့်ကို ထပ်ပြီး စိတ်ညစ်စေသည်။သို့သော် သူ့ဆန်စားရဲ ရမှာပေါ့လို့ပဲ တွေးပြီး ညနေစာစားရန် ထွက်ခဲ့သည်။ ယခင်ကဆို ညအိပ်ခိုင်းရင် ညစာကို ဝယ်စားခိုင်းသည်။ အခုတော့…..

ဒေါက်…..ဒေါက်…ဒေါက်..

တံခါးလေး ဟရုံလောက် ဟလာသည်။ ဝိုင်းစက်နေသော မျက်ဝန်းတစ်ခုနှင့် ဆင်းသွယ်နေတဲ့ နှာတံလေး ပြီးတော့ ပန်းရောင် နှုတ်ခမ်း တစွန်းတစ…. တိုက်ခန်းအရှေ့မီး မှိန်မှိန်လေးအောက် အသားလေး ခပ်ဝင်းဝင်း..။

“ဘယ်သူလဲဟင်…ဘာကိစ္စလဲ”

“အစ်ကို လွတ်လိုက်တာပါ.. ဒီမှာ ထမင်းစားဆိုလို့”

“အော်… ဟုတ်.. လာ အစ်ကို”

တံခါးလေး ဖွင့်လိုက်သည်နှင့် ဆံပင်ကျောလောက်ကျနေပြီး ကလေးကို ချီထားသော ကျနော်နဲ့ မတိမ်းမယိမ်း ကရင်မလေးတစ်ယောက်… ကိုယ်သင်းနံလေးက ခပ်သင်းသင်း…

“ဒီမှာ ခဏထိုင်ဦးနော်.. ထမင်းပွဲ ပြင်လိုက်ဦးမယ်”

“အော်…ဟုတ်..”

“ဝတုတ်ရေ… ဒီမှာ ထမင်းလာစားတယ်…”

ဟု ပြောကာ မီးဖိုအခန်းထဲ တံခါးဖွင့် ဝင်သွားလေသည်။ အချိန် ၅ မိနစ် မပြည့်တပြည့်ပင်… ခပ်ဝဝ ကရင်မလေးတစ်ယောက် မီးဖိုခန်းမှ ကလေးချီပြီးထွက်လာလေသည်။ နောက်ကမှ တံခါးဖွင့်ပေးသော ကရင်မလေး….။ သူက ကျနော့်ကို ကြည့်ပြီး

“အစ်ကို ထမင်းစားလို့ရပြီး”

“အော်..ဟုတ်ကဲ့”

“လာ အစ်ကို ထိုင်…”

ထိုင်ခုံလေး ဆွဲကာပြောရှာသည်။ ထိုအချိန် အိမ်ရှေ့မှ

“ဟဲ့ .. နော်မူ .. ဒီမှာ ကလေးလာယူ.. ကလေးက ငါ့လက်ထဲ မနေဘူးဟ…”

“အယ်…ဒီဝတုတ်မနဲ့ ကလေးတောင် နိုင်အောင် မထိန်းနိုင်ဘူး…. စားနော် အစ်ကို .. လိုရင်ခေါ်လိုက် … အပြင်မှာ ရှိတယ်နော်”

ဟုပြောကာ ထွက်သွားလေသည်။ ထမင်းငွေ့ ဟင်းငွေ့တို့က တထောင်းထောင်း ပူပူနွေးနွေး မွှေးနေသော်လည်း .. နော်မူဆိုသော ကရင်မလေး၏ ကိုယ်သင်းနံက အားလုံးကို ဖုံးလွမ်းသွားချေပြီ။

တနေကုန် အလုပ်လုပ်ပြီး ပင်ပန်းနေသော ကျနော့်အဖို့ ထမင်းဟင်းတို့ကို အာရုံစိုက် စားနေတုန်း တစ်ဦးဦးက ကျနော်ကို စိုက်ကြည့်နေသည်ဟု ခံစားမိချိန် တံခါးရှိရာသို့ လှမ်းကြည့်မိတော့ တံခါးခပ်ဟဟ လေးကြားက ကျနော့်ကို စိုက်ကြည့်နေသော မျက်လုံးဝိုင်းလေး တစ်လုံး…….။

အခန်း(၂)
မြင်ရာမှ ရင်းနှီးလာသောအခါ

အလုပ်ဝင်တာ ၂ လ မပြည့်သေး night ဆင်းရသည်မှာ ၁၀ ရက်ပင် ပြည့်တော့မည်။ အလုပ်ပြန်ချိန် နောက်ကျသည့် ရက်နှင့် ညဆင်းရသည့် ရက်ဆိုလျှင် နော်မူနဲ့ တွေ့နေကျ။ ကျနော့်မှာ ချစ်သူရှိသည်။ ထိုချစ်သူနှင့် လက်တွဲခဲ့သည်မှာ ၂ နှစ်ကျော်ပြီ။ တွေ့ရင် လက်ကလေးကိုင် ပုခုံးလေးဖက်ရုံ အပြင် မပိုခဲ့ ..။ ကျနော် ဖြူစင်ချင်သည်။ လူပျိုဘဝကို တန်ဖိုးထားချင်သည်။ အစစ်လိုချင်ရင် ကိုယ်လည်း စစ်မှဟူသော မူကို လက်တိုင်ထားသူ။

နော်မူက ခရစ်ယာန် နောက်ပြီး ကလေးထိန်း ထမင်းချက် အိမ်အကူ… အတန်းပညာက ရေးတတ်ဖတ်တတ်လောက် ။ အဖေမရှိတော့ အမေကလည်း ကျန်မာရေး ချူချာသည်။ အိမ်အကူလုပ်ပြီး မိသားစုကို ပံပိုးပေးနေရသူ ။ အလုပ်ဆင်းချိန်ဆို နော်မူ အလုပ်ထဲလာကာ သန့်ရှင်းရေးလုပ်ပေးရသည်။ နော်မူ သန့်ရှင်းရေးလုပ်ရင် ကျနော့်အခန်း အကြာဆုံး။ စကားတွေ ပြောဖြစ်သည်။ တခါတလေ ကျနော် အလုပ်များနေလျှင် နော်မူ ကျနော်နှင့် စကားပြောရအောင် ရပ်စောင့်နေတတ်သည်။

တနေ့ ကျနော် ကွန်ပျူတာဖွင့်ပြီး သီချင်းနားထောင်နေသော အချိန်… သီချင်း MTV … သီချင်းသရုပ်ဖော်က မြို့တော်ခန်းမရှေ့ ချစ်သူ ၂ ဦး ကောင်လေးက ဆူးလေဘုရားဘက်သို့ မျက်နှာမူပြီ ထွက်အသွား ကောင်မလေးက ငေးငိုင်ပြီး ဟေမာနွေလ ချက်ကျောင်းဘက်အလှည့် …. သီချင်းမှာ စီးမျောနေတုန်း နော်မူ ကျနော့်နောက် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ…။

“သီချင်းလေးက တော်တော်ကောင်းတယ်နော် နော်မူ”

“အင်း …ဟုတ်တယ်နော်”

“ကြည့်ပြီး သူတို့ ၂ ယောက်အတွက် စိတ်မကောင်းဖြစ်နေမိတယ်ဟ”

“အင်း..ဟုတ်တယ်နော်…”

နော်မူ ငေးငေးငိုင်ငိုင်နှင့် ပြောလေသည်။ နော်မူ တစ်ခုခု ဖြစ်နေမှန်း သူ့မျက်နှာကို ကြည့်ပြီး ကျနော်သိနေလေသည်။

“နော်မူ .. နင်စိတ်ညစ်နေတာလား”

“နင် ဘယ်လိုသိလဲ.. ငါစိတ်ညစ်နေတာ”

“သိတာပေါ့ဟ နင့်မျက်နှာကြီး ပုတ်သိုးနေတာ”

“ဟုတ်လို့လား… အဲလောက်ကြီးတောင်လားဟ”

“နော်မူ .. ငါ လက္ခဏာကြည့်တတ်တယ် နင့်လက်ဖြန့်”

“တကယ်…ဒါဆိုကြည့်ပေး”

“ဒါက နှလုံးသားလမ်းကြောင်း.. ဒါက ပညာရေးလမ်းကြောင်း .. အမယ် နင်က ချစ်သူ ၂ ယောက်တောင် ရှိတာပဲ”

“ခိခိ.. နင်လျှောက်ပြောနေတယ်… ဘာမှန်းလဲ မသိဘူး”

“အဲလိုနေပါဟ …နင်ကလဲ”

“နင်နေစေချင်နေမှာပေါ့ဟ… အဲလို ပြုံးပြုံးလေးလေ ခိခိ”

ဟု ပြောရင်း ထွက်သွားပေမဲ့ ကျနော့်စိတ်ထဲမှာတော့ နင်နေစေချင်ရင် ဆိုတဲ့ စကားလေးအပေါ် အတွေးများစွာ ဖြစ်မိသည်က အမှန်တကယ်ပင်…။

အခန်း (၃)
ယောင်္ကျားမာယာ မကျည်း ၉ ပင်

ကျနော် အသက် ၂၁ ပြည့်ပြီး နောက်တစ်ရက် ဝတုတ်က ကျနော့်ဆီ စာတစ်စောင် လာပေးသည်။

သို့

ကောင်း…… နင် အသက် ၂၁ နှစ် ပြည့်ပြီနော်။ ငါက နင့်မွေးနေ့ကို မှတ်ထာတယ်ဟ။ ငါ လက်ဆောင် ဝယ်ထားတယ်။ အလုပ်ဆင်း လာယူလေ။ ငါ လှေကားရင်းမှာ စောင့်နေမယ်။

နော်မူ

ကျနော် ဘာလုပ်ရမှန်းမသိတော့.. မနေ့က အိမ်မှာ မွေးနေ့လုပ်သည်။ ကျနော့်ချစ်သူနှင့် သူ့အစ်မ လာသည်။ လျှောက်သွားရအောင်ပြောတော့ လက်မခံ။ ချစ်သူ လက်ဆောင်ပေးသော ခွက်ကလေးနှင့် စာတစ်စောင်

ကိုကို
တသက်လုံး ချစ်မယ်နော်
ချစ်တဲ့
သဲဆု

ကျနော် စိတ်တွေ လွင့်နေသည်။ နော်မူ ခေါ်ထားတာကို သွားရမလား မသွားရင်ရော…. ဘာပဲဖြစ်ဖြစ် သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်သည်။ တိုက်ခန်း လှေကားရင်းတွင် နော်မူ အထုပ်ပြားပြားလေးကိုင်ပြီး စောင့်နေသည်ကို မြင်ရသည်။ ကျနော့်ကို တွေ့တော့ နော်မူ ပြုံးပြလေသည်။ ဒီနေ့ နော်မူ့မျက်နှာ ထူးထူးခြားခြား လှပနေသည်။ ပန်းရောင် နှုတ်ခမ်းပေါ်တွင် နှုတ်ခမ်းနီ ခပ်ရဲရဲက အသားဖြူသူမို့ လိုက်ဖက်နေသည်။ ခေတ်ဆန်ဆန်လေး ဝတ်ထားသော နော်မူမှာ ယခင်နေ့ကထက်ပင် ပိုလှနေသည်ဟု ခံစားနေရသည်။

“ရော့ နင့်အတွက် မွေးနေ့လက်ဆောင်”

“အေး ကျေးဇူးပဲ နော်မူ”

“ငါမေးစရာရှိတယ် ကောင်းကင်…. နင် အထင်မသေးရဘူးနော်”

“မေးလေ… ဘာမေးမလို့လဲ”

“နင့်မှာ ရည်းစားရှိလားဟင်”

နော်မူ့ မျက်နှာကို ကျနော် တစ်ချက် ကြည့်လိုက်သည်။ မျှော်လင့်ချက်… မျက်ဝန်းနှင့် ပန်းရောင်သန်းနေသော ပါးမို့မို့

“ဒီလိုမေးလို့ ငါ့ကို အထင်သေးသွားပြီလား ကောင်းကင်”

“ မသေးပါဘူးဟာ.. ငါ စဉ်းစားနေတာ .. ငါ ချစ်တဲ့လူ ၂ ယောက် ဖြစ်နေတယ်ဟ”

“ဘယ်သူလဲ ဟင်..”

“ငါ မပြောချင်းဘူးဟာ…”

ယောင်္ကျားတွေ စိတ်က အံ့သြဖို့ ကောင်းသည်။ ကောင်မလေးက မိမိကို ကြိုက်နေမှန်းသိရင် ချစ်သူရှိသည်ဖြစ်စေ ထပ်လိုချင်သည်။ ပြန်ချစ်မိသည်။ မခူးခင်က ညွှတ်တဲ့ပန်း ခူးချင်သည်။ တချို့ နင်းခြေပစ်ကြသည်။ တချို့က လစ်လျှူရှုကြသည်။ ကျနော် စကားဆုံးပြီး အဝေးကို ငေးနေချိန်… ကျနော့်လက်ကို တစ်စုံတစ်ဦးက လှမ်းကိုင်လိုက်သည်…. ၎င်းမှာ နော်မူ….

“နင့်ကို ငါ ချစ်တယ်ဟာ.. ဒီလိုပြောလို အထင်သေးသွားလဲ ရပါတယ်”

သိမ်ငယ်သော အသံနှင့်အတူ မျက်နှာလေးလွဲချပြီး ပြောရှာသည်။

“မဟုတ်တာပဲ နော်မူရယ်.. ငါ အထင်မသေးပါဘူး.. ငါပျော်တယ်ဟာ..”

ထိုနေ့က လပြည့်နေ့ … လေညှင်းတို့က တသုန်သုန် … ကြယ်လတို့ ဆုံတဲ့ ညချမ်းလေး…..။

အခန်း (၄)
ပထမဆုံး အနမ်း ပန်းတွေအဖြစ် ပွင့်စေသော်

ကျနော် အမှန်အတိုင်းဝန်ခံရလျှင် အသက် ၁၉ နှစ်မှ ရည်းစားထားဖူးသည်။ အခု ချစ်သူကို ပြင်သစ်နမ်း (kissing) နမ်းဖို့ ကြိုးစားခဲ့တာ မှန်သည် နမ်းခွင့်မရ။ နမ်းချင်သော ဆန္ဒကို ထိန်းချုပ်ရင်းပင်။ သူငယ်ချင်းများ မြောက်ပေးကြသည်။ လိင်ကိစ္စ ဘယ်လို ကောင်းကြောင်း ပြောကြသည်။ လက်တည့်စမ်းချင်သော အရွယ်မို့ လက်တည့်စမ်းချင်သော သဘော။ ကျနော့်ရဲ့ ပထမဆုံး အနမ်းက နော်မူ ဖြစ်နေမည်ဆိုတာကိုတော့ ……

“ကောင်းကင် နော်မူပြန်ရင် လိုက်သွား.. အဲမှာ ထမင်းစားပြီး ဒီက ဝန်ထမ်းတွေအတွက် ထမင်းချိုင့်ပါယူခဲ့”

“ဟုတ် အစ်မ”

ဟု ဆိုလိုက်သော်လည်း ကျနော့်စိတ်ထဲမှာတော့ မကျေနပ်…။ ကျနော့်အလုပ်က ထမင်းချိုင့်ယူတဲ့လူ အဆင့်မျိုးမဟုတ်..။ သို့သော် နော်မူ့မျက်နှာလေး ဝင်းလက်သွားမှန်း သိလိုက်သည်။ နော်မူက သန့်ရှင်းရေး လုပ်ရဦးမှာမို့ အလုပ်ထဲမှ ကျနော် လုပ်စရာတွေ လက်စသတ်နေသည်။ နော်မူ ကျနော့်အလုပ်ခန်းထဲ ဝင်လာပြီး မောက်(စ်) ကိုင်ထားသော ကျနော့်လက်ကို အသာလေး ကိုင်သွားသည်။ ဒါက အဆန်းတော့ မဟုတ်တော့။ ဒီလိုလေးပဲ ကိုင်နေကျ။

ကျနော်ကလည်း လစ်ရင်လစ်သလို လက်လေးကိုင်သည်။ သူလဲ အတူတူ။ ဘယ်လောက်ဆိုးလဲဆိုရင် အပြစ်တစ်ခု လုပ်ထားလို့ ဆရာအစ်ကိုက ဆူရင်တောင်… သူက ကြမ်းတိုက်ရင်း လက်လေးကိုင်သွားသေးသည်။ အားပေးတဲ့ သဘောပေါ့။

နော်မူ အလုပ်တွေပြီးတော့ ကျနော်နှင့် နော်မူ… ဆရာအစ်ကိုအိမ် ထွက်လာခဲ့သည်။ အိမ်တံခါးဖွင့်လိုက်သည်နှင့် ဘယ်သူမှ ဒီအိမ်မှာ မရှိမှန်း ကျနော် သဘောပေါက်လိုက်သည်။

“ကောင်းကင် ဝင်လေ.. ဘာရပ်လုပ်နေတာလဲ”

“ဝတုတ်လဲ မတွေ့ပါလား ဘယ်သွားတာလဲ”

“အော် ဝတုတ်က သူ့အမေ နေမကောင်းလို့တဲ့ ခဏပြန်သွားတာ”

“ဒါဆို ငါ ဝင်လို့ ဖြစ်ပါ့မလား..”

“ကိုယ်တော်ချောရယ် ကျမ ကိုက်မစားတတ်ပါဘူး”

နော်မူက ပြုံးရင်းပြောသည်။ မီးမဖွင့်သေးတော့ အမှောင်ထဲမှာမို့ ထိန်းချုပ်ထားတဲ့ စိတ်တွေ လွတ်သွားလေပြီ။

“နော်မူ ငါ နင့်ကို နမ်းချင်တယ်”

“အင်း….ခိ.ခိ”

“အဲ့ဒါဆို မျက်လုံးမှိတ်..”

“အင်း…ခိ..ခိ”

ပြုံးပြီး မျက်လုံးမှိတ်နေသော နော်မူ့ နှုတ်ခမ်းကို ကျနော် ယုယစွာ နမ်းရှိုက်လိုက်သည်။ နွေးထွေးသော နှုတ်ခမ်းအထိအတွေ့တို့က နှုတ်ခမ်းမှ တဆင့် နှလုံးသားဆီသို့ စီးဆင်းခဲ့လေပြီ။ ကျနော့်၏ ပထမဆုံး အနမ်းသည် ကျနော့် ကိုယ်ခန္ဒာ တစ်ခုလုံးကို တုန်ခါလှိုက်မောစေခဲ့ပြီ။ ခြေဖျား လက်ဖျားများ အေးခဲစေခဲ့ပြီ။ မည်မျှကြာသွားသည်ကိုတော့ မသိ…. ဆွဲငင်လျှက်ရှိသော အနမ်းတို့တွင် စီးမျှောခဲ့သည်မှာ ကျနော်ရော နော်မူရော ၂ ယောက်စလုံး…..။

“ကောင်းကင် နင် နေမကောင်းဘူးလား….”

“ဘာလို့လဲဟ”

“တကိုယ်လုံးလဲ တုန်နေတာပဲ လက်တွေလဲ အေးလို့”

“ငါ ဘာမှ မဖြစ်ပါဘူးဟာ… ငါ အောက်မှာပဲ စောင့်တော့မယ်နော် နင် ဆင်းပြီးလာပေး..”

“အေးပါ.. နင့်သဘောပါဟယ်”

ကျနော် ချာခနဲ လှည့်ထွက်ခဲ့လေသည်။ ဆက်နေရင် ကျနော် ပိုမှားမိတော့မည်။ ကွမ်းဆိုင်တွင် ဆေးလိပ်ဝယ်ပြီး ဆေးလိပ်တစ်ဖွာ ဖွာလိုက်မိပါတော့သည်။

အခန်း (၅)
လန်းဆန်း ဖူးညွှန့်လာသော အချစ်၏ အကိုင်းအလက်

ဘာပဲပြောပြော ကျနော်နဲ့ နော်မူတို့ အရင်ကထက် ပိုပြီး ရဲတင်းလာကြသည်။ တွေ့ရင် လက်ကိုင် ရုံမက ခိုးနမ်းသည့် အဆင့်ပင် ရောက်ခဲ့လေသည်။ တွေ့တိုင်း နမ်း ၊ နမ်းလို့ရတိုင်း နမ်း ။ နော်မူကလဲ ဘာမှမပြော။ အလုပ်အတူလုပ်သော ကိုမိုးမှ သတိထားမိတဲ့ အခြေအနေသို့ပင်……။

“ကောင်းကင် မင်းနဲ့ နော်မူတို့က ဘယ်အဆင့်ထိ ရောက်နေပြီလဲ”

“ဒီလိုပါပဲ အစ်ကိုရယ် ချစ်သူအဆင့် ဆိုပါတော့”

“အေး ဒါဆို မင်းသိအောင် တစ်ခုတော့ ပြောထားမယ်.. နော်မူက ယောကျ်ားနောက် လိုက်ပြေးဖူးတယ်”

“တကယ်လာ ကိုမိုး.. ကျေးဇူးပဲနော်”

ကိုမိုး သတိပေးလိုက်သဖြင့် ကျနော့် အမူအရာတွေ အရင်လို မဟုတ်တော့မှန်း နော်မူ ရိပ်မိသည်။ ဒီလိုနဲ့ ကျနော် ညဂျူတီ ဆင်းမဲ့နေ့ ရောက်ခဲ့ပြန်သည်။ ထုံးစံ အတိုင်း ကျနော် နော်မူနှင့်အတူ အစ်ကို သူဌေး နေအိမ်သို့ လိုက်သွားရပြန်သည်။

“နော်မူ .. ငါ့ကို အမှန်အတိုင်းပြောနော် .. နင် .. နင် .. ခိုးရာလိုက်ဖူးလား”

“ဒါ… ဒါ… နင် ငါ့ကို သက်သက် အထင်သေးတာပဲ…..”

နော်မူ မျက်ရည်တွေ တလိမ့်ချင်း ကျလာလေသည်။ ထိုင်နေတဲ့ ခုံမှထပြီး

“နင် အထင်သေးနေမဲ့အစား ငါ့ကို အသေသာ သတ်လိုက်တော့”

ဟု ပြောကာ ဓားယူရန် ပြင်လေသည်။ ကျနော် နော်မူ့ကို ဆွဲဖက်လိုက်သည်။ နော်မူတစ်ယောက် ရှိုက်ကြီးတငင် အားရအောင် ငိုလေသည်။ ငိုပြီးပြီဆိုမှ ကျနော့်ကို မော့အကြည့် နော်မူရဲ့ နှုတ်ခမ်းတစ်စုံကို တပ်မက်စွာ နမ်းရှိုက်လိုက်လေသည်။ နမ်းခြင်း၏နောက်တွင် တင်းကြပ်စွာ ထွေးပိုက်ခြင်းတို့နှင့်အတူ စီးမျှောရင်း ၂ ယောက်လုံး လှဲလျောင်းခြင်းတို့နှင့်….။

“နင့် ကိုယ်လုံးကြီးက လေးတယ်ဟာ….”

“လေးမှာပေါ့ဟ ဖိထားတာကိုး….”

“ ခဏဖယ်ပါဦးဟယ် နင်ကလဲ”

ကျနော် ဖယ်ပေးလိုက်သည်။ သို့သော် လက်အစုံက နော်မူ့ ဘော်လီချိတ်ကို ဖြုတ်ပြီးနေပြီ။ နော်မူ့စကားဆုံးသည်နှင့် ကျနော် နော်မူ့နှုတ်ခမ်းကို အနမ်းမိုးရွာပြန်သည်။ တခါမှ မထိတွေ့ဘူးသော လက်၏ အထိအတွေ့က နော်မူ့ရင်သားဆီသို့ လွှားခနဲအရောက်….

“အင့်…..အင်း….”

နော်မူ့ ညှီးတွားသံနှင့်အတူ ကျနော် ခေါင်းလေးငုံပြီး ရင်သားကို ကလေးတစ်ယောက် နို့စို့သလို အဆက်မပျက်….။ နော်မူတစ်ယောက် တွန့်လူးနေသည်။ မျက်စီစုံမှိတ်ပြီး နှုတ်ခမ်းလေးကိုက်ကာ ပန်းရောင်သန်းနေသော ပါးအစုံတို့က လှသည်ထက်လှ ကြွသည်ထက်ကြွစေသည်။ အကြမ်းပန်းကန်လေး မှောက်ထားသလို ခပ်မို့မို့ အသားစိုင်လေးပေါ်တွင် ပန်းရောင်သန်းနေတဲ့ ပတ္တမြားလုံးလေး တင်ထားသလို..။

ကျနော့်လက်တို့က နော်မူ့ ထမိန်လေးအောက်သို့ လျှိုဝင်လိုက်သည်။ နော်မူ ခြေထောက် ၂ ချောင်းကို ခပ်မြဲမြဲလေး ချိတ်လို့…။ ကျနော့်လက်တို့က ထမိန်ထဲမှ အောက်ခံဘောင်းဘီလေးထဲကို ထည့်မည် အလုပ်…..။

“တော်ပြီ ကောင်းကင်ရယ် …. အဲဒါတော့ မလုပ်ပါနဲ့…”

“နော်မူကလဲကွာ ….”

“နင်ငါ့ကို ယူနိုင်မှာ မဟုတ်ပါဘူးဟာ… ငါသိပါတယ်… ငါက နင်ပျော်အောင် ပေးဆပ်ချင်တာပါ .. အချိန်တွေ သိပ်စောနေသေးတယ်ဟာ… အခုတော့”

“အော် .. နော်မူရယ်..”

အခန်း(၆)
အမြစ်တွယ်လာတဲ့ အချစ်သစ်ပင်

ကျနော့်ဘဝမှာ မိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်း နဲ့ ရင်သားကို ကိုင်ဖူးတာ နော်မူဆိုတဲ့ ချစ်စရာ ကရင်မလေးက ပထမဆုံး..။ ကျနော် ပျော်ခဲ့သည်။ ရင်ခုန်သည်ဟု ပြောလျှင် ပိုမှန်သလား.. ဒါမှမဟုတ် မမြင်ဖူး မူးမြစ်ထင် လို့ ဆိုချင်ဆို… ဘာပဲပြောပြော အဲ့ဒီအချိန်တုန်းကတော့ တကယ် ရင်ခုန်ပျော်ရွှင်ခဲ့သည်။ ကျနော် ညဂျူတီ ကျပါစေလိုသာ ဆုတောင်းနေတော့သည်။ ညဂျူတီကျရင် နော်မူနဲ့ နမ်းလို့ရသည်။ နော်မူ့ပိပိလေးကို ထမိန်ပေါ်မှ ပွတ်ခွင့်ရသည်။ တနေ့ည အစ်ကိုသူဌေးအိမ်တွင် …

“နင်က သိပ်တကိုယ်ကောင်းဆန်တာပဲ”

“ဘာလို့လဲဟ..”

“ဟုတ်တယ်လေ ..နင်ကျတော့ လုပ်ချင်တာ လုပ်နေတယ်… ငါကျတော့ မလုပ်ရဘူး”

“နင်က ဘာလုပ်ချင်လဲ”

“နင့် ဥစ္စာကို ကိုင်ကြည့်ချင်တယ်..”

“အင်း…ကိုင်လေ..”

နော်မူ စိတ်ဝင်တစား ဘောင်းဘီဇစ်လေး ဖွင့်ချလိုက်သည်။ နောက်ပြီး ဘောင်းဘီကို အသာလေး ဆွဲချလိုက်သည်။ အောက်ခံဘောင်းဘီလေး အသာ ဆွဲချလိုက်သည်။ ကျနော် အောက်ပိုင်း အေးခနဲ ဖြစ်သွားသည်။ နူးညံ့သော လက်တစ်စုံက ကျနော့်လီးကို ဖြဲလိုက် စုလိုက် အောက်ကိုကြည့်လိုက် တစ်ချောင်းလုံး ဆုပ်ကိုင်လိုက်နှင့်…။ အောက်ထပ်မှ လူသံကြားသဖြင့် ကျနော် ဘောင်းဘီကို အတင်းဆွဲဝတ်လိုက်လေသည်။

“နင့်ဟာကြီးက အကြီးကြီးပဲ.. ခိခိ”

“ဟာ.. နင်ကလဲ..”

အော် အခုတော့ ကျနော့်လီးကို ကိုင်ဖူးတဲ့ ပထမဆုံး မိန်းကလေး နော်မူ ဖြစ်ပြန်ပြီးပေါ့…။ ဘာပဲပြောပြော ကျနော် နော်မူ့ကို နမ်းတဲ့ အချိန်ကစပြီး စိတ်ထဲမှာ နော်မူ့ကို မှန်းပြီး လက်နဲ့လုပ်ခဲ့တာ အကြိမ်ရေ မရေတွက်နိုင်တော့..။ နော်မူ့ပိပိကို ထမီအပေါ်က ကိုင်တဲ့ ညကဆို ၄ ခါလောက် လက်နှင့် လုပ်ဖြစ်သည်။ မိန်းမတစ်ယောက်၏ ပိပိကို ကိုင်ဖူးသည်မှာ ကျနော် အသက် ၂၁ နှစ်က ပထမဆုံးပင်…။

“ဟဲ့ .. ကောင်းကင် နင့်ကို နော်မူက မနက်ဖြန် မနက် ၉ နာရီ ကားဂိတ်မှာ စောင့်နေမယ်တဲ့ လာခဲ့တဲ့”

ဟု ဝတုတ်က အောင်သွယ်တော်ပီသစွာ လာပြောလေသည်။ မနက်ဖြန် အတွက် ဘယ်လို အလုပ်ထဲမှ ထွက်ရမည်ကိုသာ.. တွေးနေမိပါတော့သည်။

အခန်း (၇)
အမြစ်မတွယ်ခင် ဆွဲနုတ်လိုက်ရသော အချစ်သစ်ပင်ငယ်

မနက် ၉ နာရီ ကျော်ကျော်လောက် ချိန်းထားသော ကားမှတ်တိုင်သို့ ကျနော် ရောက်ခဲ့လေသည်။ နော်မူကတော့ ရောက်နှင့်နေလေပြီ..။

“ဘယ်သွားမလဲ နော်မူ”

“ကောင်းကင် အဆင်ပြေတဲ့ နေရာသွားလေ”

“ဟုတ်ဘူးလေ အခု နော်မူ ဘယ်သွားမှာလဲ”

“အခုက အဒေါ်အိမ် ခဏပြန်မှာလေ အင်းစိန်ဘက်မှာ”

“ဒါဆို အင်းစိန်သွားမလား”

“မသွားချင်သေးဘူး အင်းစိန်ကို..”

“ဒါဆို မြကျွန်းသာ သွားမလား”

“ကောင်းသားပဲ ကောင်းကင်..”

သစ်ပင် ခပ်အုပ်အုပ်တို့က ချစ်သူတွေအတွက် နားခိုရာ…။ တချို့ နေရာတွေဆို ထိုင်ဖို့ သတင်းစာတွေတောင် အဆင်သင့် ခင်းပြီးသား…။ တချို့ စုံတွဲတွေက နမ်းလို့။ တချို့ကျတော့လဲ စကားတွေ ပြောလို့ပေါ့….။ ကျနော်နဲ့ နော်မူကတော့ အနမ်းမိုးတွေ ရွာလို့ပေါ့….။

အနမ်းမိုးတွေ ရွာနေတုန်း ကျနော့်လက်တွေ နော်မူ့ ထမီအောက်ဝင်ရန် တဖြည်းဖြည်း လျှောချလိုက်သည်။ နော်မူကလဲ အလိုက်သင့် နေပေးသည်။ နော်မူ့လက်ကလဲ ကျနော့်လီးပေါ်တွင် ပွတ်သပ်နေလေပြီ။ ကျနော့်စိတ်တွေ မထိန်းနိုင်တော့ပြီ။ ပတ်ဝန်းကျင် ဆိတ်ကွယ်မှုနောက် နော်မူနှင့် ကျနော် ဖောက်ပြားရန် စတင်လျှောက်လှမ်းနေသည့်နယ်။

ကျနော် ခြေဆင်းနေလိုက်သည်။ နော်မူက ကျနော့်ခြေပေါ်တွင် ထိုင်လိုက်သည်။ နော်မူ့ ခြေသလုံးတလျှောက် ကျနော့်လက်တို့ ပြေးလွားပွတ်သတ်နေပြီ။ ခြေသလုံးမှတဆင့် ပေါင်လေးကို ပွတ်ပေးမိသည်။ နှုတ်ခမ်းမှ အနမ်းမိုးတို့က မပျက် ရွာသွန်းနေပြီ..။ နော်မူ့ အောက်ခံဘောင်းဘီကို ကိုင်မိချိန်တွင် အောက်ခံဘောင်းဘီမှာ အတော်ပင် စိုနေပြီ။ ချွဲကျိကျိ အရည်တို့ လက်မှာ ကပ်ပြီးပါလာသည်။

“နော်မူ ငါ.. မနေနိုင်တော့ဘူးဟာ…”

“ငါ ဘာလုပ်ပေးရမလဲ ကောင်းကင်”

“နင် ဘောင်းဘီချွတ်ပြီး ငါ့ပေါ်တတ်ထိုင်ဟာ…”

“ငါ ကြောက်တယ် ကောင်းကင်..”

“ဒါဆိုလဲ ပါးစပ်နဲ့ ငါ့ဟာကို စုပ်ပေးဟာ”

“အင်း…”

ကျနော် ခေါင်းတွေ ကိုက်သလိုလို ရေပဲ ငတ်သလိုလို ရင်တွေတုန်တာတော့ ဆိုဖွယ်မရှိ။ နော်မူ့ကို ကြည့်လိုက်တော့ နီရဲနေသော လီး၏ ထိပ်ကလေးတင် ပါးစပ်နဲ့ တေ့ပြီး စုပ်နေလေသည်။

“အဲ့လို မဟုတ်ဘူးဟ… နင့်လက်ပေး”

ကျနော် သူ့လက်ကို ကိုင်ကာ ဂွင်းထုသလို လုပ်ပေးသည်။ သိပ်ကြာကြာမခံပဲ သုတ်ရည်တို့က နော်မူ့ လက်တွေအပြင် ထမီတွေရော ကျနော့် ပုဆိုးတွေပါ စိုကုန်တော့သည်။ ကျနော် နော်မူ့ကို တင်းတင်း ဖက်ထားမိသည်။

“ကောင်းကင် ..နင် မကျေနပ်သေးရင် ဒီထက် အဆင်ပြေတဲ့နေရာ သွားရအောင်လေ”

“မသွားတော့ပါဘူးဟာ…”

“နင်ငါ့ကို မယူလဲ ဘာမှ မဖြစ်ပါဘူးဟာ…. သွားချင်ရင်သွားပါ”

“ငါ…. ငါ…. နင့်ကို မယူနိုင်တာလဲ အမှန်ပဲ… နင်နဲ့ ဆက်လက်တွဲရင် အကုန်လွန်ကုန်လိမ့်မယ်…. နော်မူ…. ငါ ယောကျ်ားကောင်းတစ်ယောက် ဖြစ်ချင်တယ်… မယူနိုင်ပဲ ဖျက်စီးတဲ့လူ ငါ မဖြစ်ချင်ဘူးဟာ… ငါနဲ့ နင်က အစောကြီးကတည်းက မဖြစ်နိုင်မှန်း နင်ရော ငါရော သိနေတာပဲဟာ… ငါ နင့်ကို ချစ်တယ် .. နင့်ဘဝကို တန်းဖိုးထားချင်တယ်.. နင်နဲ့ယူမဲ့ ယောကျ်ားကို ငါသန့်သန့်လေး နင့်ကို ပေးချင်တယ်။ “

“ကောင်းကင်ရယ် ငါက နင့်ကိုပဲ ပေးချင်တာ…. မယူလဲ ကိစ္စမရှိပါဘူးဟာ”

“ငါယူမဲ့ မိန်းကလေးအတွက်လည်း ငါ သန့်ရှင်းချင်တယ်.. နင့်ကိုယူမဲ့လူ အတွက်လည်း နင့်ကို ငါ သန့်ရှင်းစေချင်တယ် နော်မူရယ်..”

“အော်.. ကောင်းကင်ရယ် .. နင့်ကို ငါ တသက်လုံး မမေ့ပါဘူဟာ.. ဒီနေ့အတွက် ဖြစ်သမျှတွေ ငါသေတဲ့အထိ သတိရနေမှာပါဟာ”

နော်မူနှင့် ကျနော် ကားပေါ်တွင် တိတ်ဆိတ်ပြီးလိုက်လာခဲ့သည်။ နော်မူ့မျက်ဝန်းမှ မျက်ရည်များ အဆက်မပျက် စီးနေသည်။ ကျနော့်လက်ကို ဆုပ်ကိုင်ရင်း သူ့ရင်ထဲ ထည့်ထားသည်။ ကျနော်ဆင်းမဲ့ မှတ်တိုင်ရောက်တော့ နော်မူက ကျနော့်လက်ကို မလွတ်.. တွေတွေလေး ကြည့်ရင်း မျက်ရည်တွေ ထပ်စီးကျလာသည်။

“ငါ သွားတော့မယ် နော်မူ….”

နော်မူ ကျနော့်လက်ကို ရင်ထဲမှာ တင်းနေအောင် တစ်ချက် ဆုပ်ကိုင်ဖတ်ထားရင်း တဖြည်းဖြည်းလျှောကာ လွတ်လိုက်ပါတော့သည်။

နိဂုန်း
ဘဝတကွေ့ ဆုံတွေ့ခဲ့ရ မဆုံတဲ့ဖူးစာ

လောကကြီးက ဆန်းကြယ်တယ်… တကယ့်ကို ဆန်းကြယ်တယ်။ အဆင့်အတန်း ပညာအရည်အချင်းတွေ ကွဲကွာရင် တကယ်တန်းတော့ ရုပ်ရှင်တွေ ဝတ္တုတွေထဲမှာပဲ ဖတ်လို့ကောင်းတယ် လက်တွေ့ဘဝမှာ လုပ်နိုင်ဖို့ ရင်ဆိုင်နိုင်ဖို့ ခဲယဉ်းလှတယ် မဟုတ်ပါလား….။

အဖြစ်အပျက်တွေ မြန်လွန်းတာလား … သို့မဟုတ် ကံက ဒီလိုစီမံတာလား မသိ…။ နော်မူနှင့် ကျနော် ချစ်နေမှန်း အစ်ကိုသူဌေး သိသွားပြီး နော်မူ့ကို မောင်းထုတ်လိုက်လေပြီ။ ကျနော်ကိုလဲ မေးသည်။ ဘာပဲပြောပြော နော်မူသည် ခေတ်စကားအရ ကြိုက်ကုန်းလို့ ခေါ်မလား။ သို့မဟုတ် ယောင်္ကျားလိုက်ပြေးဖူးတာပဲ အမှန်လား… ကျနော့်ကို အမိဖမ်းတာလား….။

ကျနော် ပြုမူခဲ့တာ သူ့အပေါ်လွန်သွားသည်ကား အမှန်။ ကျနော် သူ့ကို ဘဝမပျက်စေချင်တာလဲ အမှန်။ ကျနော်သူ့ကို အခုထိ သတိရနေတာလဲ အမှန်ပင် ဖြစ်ပါတော့သည် မဟုတ်ပါလား။

ပြီးပါပြီ။

Twitter